Pages

Pages

ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ


MNP ၊    ဇွန်   ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ  စာရေးဆရာကြည်ရွှန်းရေးသားသည့် “ပျော်ရွှင်ချမ်းသာ နည်းပေါင်း ၁၀၀” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများ အသိပညာဗဟုတသုများဖလှယ်နိုင်စေရန်၊ မိတ်ဆွေအပေါင်းအသင်းတိုးပွားပြီး စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းဆွေးဆွေးပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာ ကြည်ရွှန်းရေးသားသည့် ပျော်ရွှင်ချမ်းသာ နည်းပေါင်း ၁၀၀ စာအုပ်ပါ အကြောင်းအရာများဖြစ်သည့်  ပျော်ရွှမှုကိုရဖို့နည်းဗျူဟာကျင့်သုံးပါ၊ မိတ်ဆွေဖွဲ့ပါ၊ လက်တွေ့ကျသော မျှော်မှန်းချက်များထားရှိပါ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်စန်းစန်းဝင်း က သင်ရည်မှန်းချက်တွေ တစ်ခုနှင့်တစ်ခု လိုက်လျော ညီထွေရှိသင့်တယ်၊ သင့်ဘဝမှာရည်မှန်းချက်ရှိတယ် အဓိပ္ပာယ်ရှိတယ်  စသည့်အကြောင်းအရာများဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင့်နှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်တင်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment