ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အားကောင်းသောလေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အားကောင်းသောလေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်





MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်း သော လေဖိအား နည်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက ရှာဖွေကယ် ဆယ် ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် များ နှင့် ကျေးရွာ အုပ်စုများတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။


ထိုသို့ အသိပေးနှိုးဆော်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ကော်မတီ၏ကြီးကြပ်မှုဖြင့် မီးသတ် ဦးစီး ဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အားကောင်း သော လေဖိအား နည်းရပ်ဝန်းသည် ယနေ့ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာရာ အားကောင်း သော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။ 


အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာလျှင် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် ပျက်ဆီး ဆုံးရှုံးမှုများ လျော့ချ နိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင် ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြု အမူ များကို သိရှိစေရန်နှင့် နိုင်ငံ တော် အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြာသော မုန်တိုင်း ဘေးအန္တရာယ် သတင်းများကို အစဉ်မပြတ် နားထောင် ကြရန်၊ လေပြင်း ဘေး ကြိုတင် ကာကွယ်ရေးနှင့် တုန့်ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။  


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)