ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော်က မြန်မာနိုင်ငံရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အလှူငွေများ ပေးပို့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော်က မြန်မာနိုင်ငံရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အလှူငွေများ ပေးပို့လှူဒါန်း





MNP ၊ ဇွန် ၂၃

ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze က မြန်မာနိုင်ငံ၊ စာသင်တိုက်များရှိ စာသင်သား သံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မပြည့်စုံသော ကျောင်းသားများအား စာရေးကိရိယာများ ပေးလှူရန်အတွက် ပေကျင်းမြို့၊ မြန်မာသံအမတ်ကြီးမှတစ်ဆင့်  လှူဒါန်းပေးပို့ထားကြောင်း သိရသည်။

ဆရာတော် Ven. Qianze မှ ပေးပို့လှူဒါန်းသည့် အလှူငွေယွမ် ၈,၀၀၀/- (ယွမ်ရှစ်ထောင်တိတိ) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ဦးဆောင်၍ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး နှင့် ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူစိုး တို့ လိုက်ပါလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) ၌ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်နုမြဇံ ထံသို့ ၂၂-၆-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)