Pages

Pages

ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော်က မြန်မာနိုင်ငံရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အလှူငွေများ ပေးပို့လှူဒါန်း





MNP ၊ ဇွန် ၂၃

ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze က မြန်မာနိုင်ငံ၊ စာသင်တိုက်များရှိ စာသင်သား သံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မပြည့်စုံသော ကျောင်းသားများအား စာရေးကိရိယာများ ပေးလှူရန်အတွက် ပေကျင်းမြို့၊ မြန်မာသံအမတ်ကြီးမှတစ်ဆင့်  လှူဒါန်းပေးပို့ထားကြောင်း သိရသည်။

ဆရာတော် Ven. Qianze မှ ပေးပို့လှူဒါန်းသည့် အလှူငွေယွမ် ၈,၀၀၀/- (ယွမ်ရှစ်ထောင်တိတိ) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ဦးဆောင်၍ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး နှင့် ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူစိုး တို့ လိုက်ပါလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) ၌ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်နုမြဇံ ထံသို့ ၂၂-၆-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment