မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်အပ်နှင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်အပ်နှင်း



MNP ၊ ဇွန်  ၂၆

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်သည် မြန်မာနိုင်ငံရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိနှင့် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလတွင် စတင်ပေးအပ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ် သည် မြန်မာဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်သူ တစ်ဦးလည်းဖြစ်ပြီး ရုရှားဖက်ဒရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးဖြစ်သည်အထိ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်အောင် တည်ဆောက်ပေးနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးကိုတည်ဆောက်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတွင် သံတမန်အဖွဲ့နာယက တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း၊ ဗုဒ္ဓစာပေများကို ရုရှားဘာသာဖြင့် ရေးသား၍ ပြန့်ပွားအောင်ဆောင်ရွက် ခဲ့ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်လည်း မြန်မာ-ရုရှား ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါသည်။


သို့ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား စွမ်းဆောင်ရည် ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)