Pages

Pages

ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက်






MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊စစ်တွေခရိုင် ၊ ရသေ့တောင် မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နေပိုင်းအချိန်တွင် တောင်ရင်းတန်းရပ်ကွက် ရှိအခြေခံပညာမူတန်း(အမက ၆)ကျောင်းနှင်းကျောင်းပတ်ဝန်းကျင်လမ်းများတစ်လျှာက်၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ က ကျောင်းခြံဝင်းများအတွင်းရှိ မြက်နှင့်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များစုပေါင်းဆောင်ရွက်ခဲ့ကြပြီးအမှိုက်သရိုက်များအား မြို့နယ်စည်ပင်ဝန်ထမ်းများမှအမှိုက်သိမ်းကားများဖြင့်လိုက်လံသိမ်း

ဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြောင်းသိရှိရပါသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက် နှင့်အဖွဲ့ဝင်များကလာ ရောက်စစ်ဆေးကာ  လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment