Pages

Pages

လဟယ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊    ဇွန်   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ဇွန် ၂၃ နေ့ နံနက် ၁၀ နာရီအချိန် လဟယ်မြို့နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လဟယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်း ကအဖွင့်အမှာစကားပြောကြား‌ရာတွင် ယနေ့ဟောပြောပွဲမှာ သားအိမ်ခေါင်းကင်ဆာရောဂါနှင့်သားဆက်ခြားနည်လမ်းကြောင်းသိကောင်းစရာများဟောပြောချက်တွေကို လေ့လာမှတ်သားပြီး မိမိတို့ ပတ်၀န်းကျင် အသိမိတ်ဆွေများအား ထပ်ဆင့်ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားပါသည်။


ထို့နောက် လဟယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါက်တာဆုဝေထွန်းမှ သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းအကြောင်းအရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းကြရာ ဒေါက်တာဆုဝေထွန်းက ပြန်လည်ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပောာပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊ ဌာဆိုင်ရာများ၊ အမျိုးသမီးအိမ်တွင်းမှု ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီ ဒေါ်အေးအေးသောင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment