ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျှက်ရှိိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျှက်ရှိိ






MNP ၊ မေ  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍  ယနေ့ နံနက် ပိုင်းမှ စတင်ကာ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရ သည်။ 


မောင်တောမြို့တွင်  ကျောင်းတက်ရောက်လာသည့်  ကျောင်းသားကျောင်းသူများက မိမိတို့ တက်ရောက်မည့် အတန်းအလိုက် သက်ဆိုင်ရာကျောင်းများတွင်အေးချမ်းစွာ ပညာသင်ကြားလျှက်ရှိကြသည်။ မောင်တောမြို့နယ် အတွင်းရှိ အခြေခံ ပညာ အထက် တန်းကျောင်း  ၁၀  ကျောင်း၊ အထက်တန်းကျောင်းခွဲ ၆ ကျောင်း ၊ အလယ် တန်း ကျောင်း  ၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း  ၄၅ ကျောင်း ၊ မူလတန်း ကျောင်း ၃၃ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁ ကျောင်း  နှင့် မြိုယုကျေးရှိ အမကယာယီ ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၂၁ ကျောင်းဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့်  ဇွန်လ ၁ ရက်နေ့တွင် အခြေခံ ပညာ ကျောင်းများရှိ အထက်တန်း ကျောင်း သား/ သူ ၁၇၁၆ ဦး ၊ အလယ်တန်းကျောင်းသား/သူ ၃၂၃၉ ဦး ၊ မူလတန်း ကျောင်းသား/သူ ၁၃၈၉၀ ဦး  စုစုပေါင်း ကျောင်းသား/သူ ၁၈၈၄၅ ဦး က သက်ဆိုင်ရာကျောင်းများတွင်  တက်ရောက် ပညာသင်ယူ လှျက်ရှိကြောင်း သိရသည်။ 


သက်လွင်စိုး၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)