ကျိုက်ထိုမြို့နယ် ၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲ ပြုလုပ်





MNP ၊    ဇွန်   ၁၉

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ဇွန် (၁၉)ရက် နေ့လယ် ( ၁ )နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန  ၌ကျင်းပ ပြုလုပ်ခဲ့သည်၊


    ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က မူးယစ်အန္တရာယ်စုပေါင်းကာကွယ် အကြောင်းကို အသိပညာပေးဟော‌ပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ကာ ထူးချွန်သူများအား လက်‌ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့သည်။


     ထို့နောက်  မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး နံရံကပ်စာစာင်များ၊လူကုန်ကူးမှုအန္တရာယ် ကာကွယ်ရေး နံရံကပ် စာစောင်များကို ပြသထားရာတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)