ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန် ဆွန်းထန် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန် ဆွန်းထန် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်



MNP ၊    ဇွန်   ၁၀

ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းထက် ပြည်သူများ ပူးပေါင်းပါဝင်ခြင်းက ပို၍ထိရောက်အောင်မြင်မှာဖြစ်သည့်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အသီးသီးမှ ပြည်သူများပူးပေါင်းပါဝင်ရန် အလှူငွေ၊ ပစ္စည်းများကို အလှူခံဌာနများဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများမှ လှူဒါန်းလျက်ရှိကြောင်းနှင့် မိမိတို့ ချင်းပြည်နယ်အစိုးရအဖွဲ့သို့လည်း စေတနာရှင်ပြည်သူများက လာရောက်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စားရေရိက္ခာများထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များကိုလည်း လေဘေးသင့်ပြည်သူများ ကိုယ်စားလှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီးတို့မှ လှူဒါန်းငွေ ကျပ် ၅ သိန်း၊ ဦးသန့်ဇင် မိသားစု (သုခကမ္ဘာဆေးခန်း) မှ လှူဒါန်းငွေကျပ် ၁၀ သိန်း ၊ သူရဦးဘိုနီ + ဒေါ်ခင်စိုးလှိုင် ( ခြူးနဂါး ဆေးပေါလိပ် လုပ်ငန်းမိသားစု) မှ ကျပ်သိန်း ၂၀၀၊ ဦးစိုးဝင်းထွန်း ( West Corporation Japan ) မှ ကျပ်သိန်း ၅၀၊ ဦးအောင်မျိုးဟိန်း (F4 ကမ္ဘာအေးဗီလာ မရမ်းကုန်း) မှ ကျပ်သိန်း ၁၀၀ ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ဆား၊ ပဲ (၄) မျိုးအတွက် ကျပ် ၁၈၇၃၀၀၀၀ တို့ကို တာဝန် ရှိသူများက ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်ဇနီး ဒေါ်ကေသွယ်တို့မှ လှူဒါန်းငွေ ကျပ် ၄၅ သိန်း၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) အရာရှိများမှ လှူဒါန်းငွေ ကျပ်သိန်း ၄၀ နှင့် အခြားအလှူရှင်များ၏ လှူဒါန်းငွေများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်ဇနီး ဒေါက်တာမိမိမြတ်တို့မှ လှူဒါန်းငွေ ကျပ် ၃ သိန်း၊ စစ်ဗျူဟာအခြေချ (ဟားခါး) နှင့် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ အကြပ်စစ်သည်များ၏ လှူဒါန်းငွေကျပ် ၉ သိန်းနှင့် အခြားအလှူရှင်များ၏ လှူဒါန်းငွေများကို လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းက လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း ၅၀ နှင့် ဌာနဆိုင်ရာများ၏ လှူဒါန်းငွေများကို ချင်းပြည်နယ်ကူညီထောက်ပံ့ရေးရန်ပုံငွေ၊ ပစ္စည်းများစိစစ်ရေးနှင့် ပြန်လည်ဖြန့်ဝေရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက လည်းကောင်း အသီးသီးလက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။


ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ယနေ့လှူဒါန်းမှုစုစုပေါင်းမှာ ပစ္စည်းအလှူရှင်တစ်ဦး လှူဒါန်းမှုတန်ဖိုး ကျပ် ၁၈၇၃၀၀၀၀ နှင့် အလှူရှင် (၈၀) ဦးမှ လှူဒါန်းငွေ ကျပ် ၇၀၆၅၆၀၀၀ ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)