Pages

Pages

ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ




MNP ၊    ဇွန်   ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ သံတွဲခရိုင် ၊ ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ရှေ့ဦးစွာ မြို့ဦးစီးမှူး ‌ဒေါ်မြင့်မြင့်အေး ကအမှာစကားပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်မာသူ က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ အခန်း(၅)ပါ လစာသတ်မှတ်​ခြင်းကိုလည်းကောင်း ၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်သူဇာလှိုင် နှင့်​ အငယ်တန်းစာ​ရေး ဒေါ်ခင်​မြဝါက အခန်း(၆)ပါ ချီး​မြှင့်​ငွေနှင့်အခ​​ေ​ကြး​ငွေကိုလည်း​​ကောင်း ဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကဆွေးနွေးချက်များအပေါ်ပြန်လည်ဆွေးနွေး ရှင်းလင်းသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး သည်ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား ရေးအတွက် စာဖတ်ဝိုင်းများကိုလစဉ်(၂)ကြိမ်ပုံမှန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment