Pages

Pages

ကျိန္တလီမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ





MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မူးယစ်ဆေးဝါးအန္တရယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက အ.မ.က (အမှတ်-၅)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူလေးများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ဟောပြောကိုပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးကို သုံးစွဲမိပါ စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ် မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါရခြင်း၊ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ် လျော့နည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင်းကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့်  ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲသူဘဝ မရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကို ရှောင်ကြည်ပါ၊ မည်သည့်မူးယစ်ဆေးဝါးမှ စမ်းသပ်သုံးစွဲလိုသည့်သဘောဖြင့်မသုံးစွဲပါနှင့်၊ တစ်ခါ တစ်ရံ သုံးစွဲရုံဖြင့် မူးယစ်ဆေးဝါး မစွဲနိုင်ဟု ယူဆချက်ဖြင့် သုံးစွဲသူများ ဆေးစွဲသည့်အဖြစ်သို့ ရောက်ရှိစေတတ်သည်ကိုသတိပြုပါ၊ စိတ်ညစ်ခြင်း၊ ပြဿနာဖြစ်ခြင်းကို မူးယစ်ဆေးဝါးသုံးစွဲပြီး ဖြေရှင်းခြင်း မပြုပါနှင့်၊ ရောဂါတစ်ခုခုအတွက် နားလည်တတ်ကျွမ်းသည့် ဆရာဝန်၏ ညွှန်ကြားချက်မှလွဲ၍ မည်သည့် မူးယစ်ဆေးဖြင့်မျှ မကုစားပါနှင့် စသည့် အချက်(၅)ချက်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။


 ဆက်လက်၍   နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment