Pages

Pages

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်း များ၌ ဈေးရောင်းချသည့်ဈေးသည်များအားကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးပေး





MNP ၊    ဇွန်   ၂၆

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများတွင် မုန့်မျိုးစုံ ရောင်းချလျက်ရှိသည့် ဈေးသည်များအား ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်း တွင် (B)ပိုး၊(C)ပိုး၊(HIV)ပိုးနှင့်(VDRL)  ကာလသား ရောဂါပိုးများရှိမရှိကို စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။

 

   ယင်းသို့စစ်ဆေးပေးရာတွင်  မြို့နယ်ကုသရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး

ပေါင်း၍ အ‌ခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ ကူးစက်ရောဂါမဖြစ် ပွားစေရန် ကျောင်းမုန့်ဈေးရောင်းချလျက်ရှိသည့် အခြေခံပညာကျောင်း(၅၉)ကျောင်းမှ ဈေးရောင်းချသူ(၂၂၂)ဦး ကို ဇွန် (၂၄)ရက်နေ့မှဇွန် (၂၆)ရက်နေ့ထိစစ်ဆေး ပေး ပြီး ဈေးရောင်းချရန်  ကျန်းမာကြောင်းထောက်ခံချက်အား မြို့နယ်ကုသရေးဦးစီးဌာနမှထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးထံမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment