သထုံမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာတက်ရောက် ပညာသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာတက်ရောက် ပညာသင်ကြား





MNP ၊ မေ  ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်မှစတင်ဖွင့်လှစ်လျက်ရှိရာ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် စတင် တက်ရောက် သင်ကြားကြလျှက်ရှိကြောင်း တွေ့ရသည်။


သထုံမြို့နယ်အတွင်း ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဆရာမများတို့က စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask များဝေငှခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။


သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်း ရှိပြီး မေလ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၄၁၈၉၀ ဦး လာရောက်ကျောင်းအပ်နှံပြီးကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)