Pages

Pages

သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှတ် (၃) ရပ်ကွက်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ





MNP ၊    ဇွန်   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။


ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)ဖြင့် ယမန်နေ့ ဇွန်လ၂၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်က အမှတ် (၃) ရပ်ကွက်၊ ဝိသုဒ္ဓါရာမ မြို့မမင်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူ (၃၉၄) ဦးတို့နှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆) ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Maskတပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ်၊ ခြင်ဆေးဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆောင်ရွက်ရန်၊ သက်ကြီးလူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများထောက်ပံ့မှုကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment