Pages

Pages

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ




MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် တရုတ်မှော်ကြိုးဝိုင်း အကွက်အမှတ် ( ၂၅) တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ် သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူး ဦး‌ဇာနည်ဝင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ဆရာ / ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများက မန်ဂျန်ရှား၊ ကျွန်း၊ ပျဥ်းကတိုး၊မယ်ဇယ်၊မယ်ဇလီ စသည့်ပျိုးပင်ပေါင်း ( ၃၆၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ဂေဟစနစ်တည်ငြိမ်လာစေရန်၊ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များ ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်စိုက်ပျိုးခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊မြို့နယ် သစ်တောဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ ဆရာ / ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ( ၇၇) ဦးတက်ရောက်စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment