မန့်ဟီးရိုးမြို့တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသာမက အိမ်တွင်းလက်မှုပညာဖြစ်သော ဝါးခြင်းတောင်းများ ရက်လုပ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန့်ဟီးရိုးမြို့တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသာမက အိမ်တွင်းလက်မှုပညာဖြစ်သော ဝါးခြင်းတောင်းများ ရက်လုပ်ရောင်းချ




MNP ၊    ဇွန်   ၁၄

ဒေသစီးပွားရေးအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများသည်  အိမ်တွင်းလက်မှုပညာတစ်ရပ်အဖြစ် ဝါးခြင်းတောင်းများ ရက်လုပ်ပြီး ဒေသငါးရက်တစ်ဈေးတွင် ရောင်းချရသောကြောင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိပါသည်။


“လယ်ထဲကအလုပ်တွေပြီးရင် အိမ်မှာ နားနားနေနေရက်လုပ်တယ်။ တစ်ပတ်ကို ကြက်အုပ်ဆောင်း(၃)လုံးလောက်နဲ့ တခြားဝါးခမောက်တို့ဘာတို့ ရက်လို့ပြီးတယ်။ ရက်ပြီးသားပစ္စည်းတွေကိုစုပြီး ငါးရက်တစ်ဈေးမှာ ပြန်ရောင်းတယ်။ မန့်ဟီးရိုးမြို့မှာက စိုက်ပျိုးရေးလုပ်ကြတာများတော့ ဝါးခမောက်တွေ ဝါးခြင်းတောင်းတွေပိုရောင်းရတယ်။ ကြက်လည်းမွေးကြတော့ ရံဖန်ရံခါကြက်ဆောင်းလည်း တအားရောင်းရတယ်ဗျာ”လို့ ငါးရက်တစ်ဈေးမှ ဝါးခြင်းတောင်းဈေးသည် ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။


မန်ဟီးရိုးမြို့၊ ဒေသငါးရက်တစ်ဈေးတွင် ကြက်အုပ်ဆောင်းများကို တစ်ခြင်းလျှင် မြန်မာငွေ (၅၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ထိ အရွယ်အစားအကြီးအသေးအလိုက် ရောင်းချလျက်ရှိပြီး ဝါးခမောက်တစ်လုံးကို မြန်မာငွေ(၃၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ အချောနှင့်အကြမ်းဟူ၍ ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ဝါးခြင်းတောင်းများ၊ ဝါးကုလားထိုင်များ၊ ဝါးဖျာများနှင့် ဝါးတံမြက်စည်းများလည်း ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။


ဆက်ပိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)