ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၄၀၂ စင်တီမီတာခန့်လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၄၀၂ စင်တီမီတာခန့်လို



MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ၁၂ နာရီအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်၂၁၂၀ စင်တီမီ တာသို့ရောက်ရှိရန် ၄၀၂ စင်တီမီတာခန့်လိုကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မှ ဒေါ်ခင်လှနုထွေး(ဦးစီးအရာရှိ)ထံကသိရသည်။


ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊၏ ယနေ့နေ့လည် ၁၂ နာရီအချိန် တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက် သာရောက်ရှိနေ သေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၄၀၂ စင်တီမီတာလိုကြောင်း၊ယနေ့ နေ့လည် ဧရာဝတီမြစ် ရေတိုင်းထွာချက်အရ ၁၇၁၈ စင်တီမီတာရှိနေကာတဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီမြစ် ရေစိုးရိမ်ရေမှတ် အခြေအနေများအားညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအားမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊နှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထံကသိရှိရကာ ညောင်ဦးမြို့ တွင်ဧရာဝတီမြစ် ရေတိုင်းတာခြင်းများအားတစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊စိုးရိမ်ရေမှတ် ရောက်ရှိရန်နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)