မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ကူညီ ကယ်ဆယ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ကူညီ ကယ်ဆယ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိ






 MNP ၊ မေ  ၃၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ဆိပ်ကမ်းတွင်  ဆိုက်ကပ်ထားသော  တပ်မတော် ကမ်းထိုးရေယာဉ်ပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့သော စားသောက်ကုန် ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့် တာဝန်ရှိသူများက စစ်ဆေး လက်ခံရယူခဲ့ပြီး မြို့တော်ခန်းမသို့ ပြောင်းရွှေ့ပေးခဲ့သည်။


ရှေးဦးစွာ နယ်မြေခံတပ်မမှူး ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီမှ ကူညီထောက်ပံ့သော သွပ်သံ(၁၁၆)ဖာ ၊ တာပေါ်လင်စ(၄၄) လိပ်၊ မိုးကာတဲ(၂၀) ပုံး၊ ခေါက်ဆွဲခြောက်(၄၀)ဖာ ၊ ဘေထုပ်(၃၄) ထုပ်၊ သွားတိုက်တံ(၁၁၅၀)ချောင်း၊ သွားတိုက်ဆေး 25gm (၃၀၀၀) ဘူး၊ သွားတိုက်ဆေး 75gm(၃၀၀၀) ဘူး ၊  ရေသန့်ဘူးကြီး (၄၅) ဘူး တို့ကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ အမြန်ရောက်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းကြောင့် လေဘေးသင့်ပြည်သူများအတွက် အမှန် တကယ် လိုအပ်လျက်ရှိသော သဘာဝဘေးကူညီထောက်ပံ့ရေးပစ္စည်းများကို လက်ဝယ်အရောက် ထိရောက်လျင်မြန်စွာ ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)