MNP ၊ ဇွန် ၅
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေး ရည်ရွယ်၍ ယမန်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၃၄)ရပ်ကွက်၊ သင်းဝင်လမ်းရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းအတွင်း၊ အပြင်ရှိ အမြင်မတင့်တယ်သည့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ကိုင်းများခုတ်ထွင်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများဆယ်ယူခြင်း၊ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုများအား ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဦးဆောင်၍ အမှတ်(၃)အခြခံပညာအလယ်တန်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ မြို့ပေါ် ရပ်ကွက်များတွင် အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ
https://t.me/MyanmarNationalPost
No comments:
Post a Comment