Pages

Pages

တံတားဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်ရေးသမဝါယမ ကျေးရွာများသို့ အရင်းမပျောက်မတည်ငွေများပေးအပ်


MNP ၊    ဇွန်   ၂၉

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး သမဝါယမကျေးရွာများသို့ အရင်းမပျောက် မတည်ငွေများပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက တံတာဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်က အရင်းမပျောက်မတည်ငွေများ ပေးအပ်ရာတွင် ကျေးရွာများရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းများတွက် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများ ဝယ်ယူရေးအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ၂၀၂၃-၂၀၄ ခုနှစ် မိုးစပါးစိုက်ဧကများ သွင်းအားစုထည့်သွင်းရေး၊ တောင်သူများဘဝဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အရင်းမပျောက်မတည်ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာများသို မတည်ငွေများ ပေးအပ်ကြသည်။


တံတားဦးမြို့နယ်တွင် အခြေခံသမဝါယမအသင်းပေါင်း (၁၃၈)သင်းရှိသည့်အနက် ယနေ့တွင် အခြေခံသမဝါယမအသင်း (၃)ဖြစ်သည့် ချောင်းခွကျေးရွာ၊ သပြေစိုက်ထွေအသင်းအတွက်(၂၅၀)ဧက၊ မြင်စိုင်းကျေးရွာ၊ အခြေခံစိုက်ထွေအသင်းအတွက်(၂၅၀)ဧက၊ သူငယ်တော်ကျေးရွာ၊ ရွှေငယ်မြေ လယ်ထွေအသင်း အတွက်(၁၃၈)ဧက၊ စုစုပေါင်း(၆၃၈)ဧကအတွက် ငွေကျပ်သန်းပေါင်း(၁၂၇.၆)သန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။


ဦးရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment