ကျေးလက် စည်ပင်သာယာဈေးများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးလုံခြုံရေးအတွက် လျှပ်စစ်မီးသီးများ အစားထိုးလဲလှယ် တပ်ဆင်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက် စည်ပင်သာယာဈေးများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးလုံခြုံရေးအတွက် လျှပ်စစ်မီးသီးများ အစားထိုးလဲလှယ် တပ်ဆင်ခြင်းများ ဆောင်ရွက်


MNP ၊    ဇွန်   ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေးများအား သန့်ရှင်းသာယာလှပရေးနှင့် ဈေးလုံခြုံရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ဈေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဈေးအတွင်းအပြင်ရှိ မီးမလင်းသည့် မီးသီးများအား LED မီးသီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းနှင့် လျှပ်စစ်မီးလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ထိုသို့  ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပွင့်ဖြူမြို့နယ်ရှောက်တောကျေးရွာရှိ ကျေးလက် စည်ပင်သာယာဈေးနှင့် ကုန်းဇောင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် ဈေးလုံခြုံမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများနှင့် ဈေးအတွင်းအပြင်ရှိ တပ်ဆင်အသုံးပြုထားသည့် မီးမလင်းတော့သည့် လျှပ်စစ်မီးများအား LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်၍ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဈေးသူဈေးသားများကို တွေ့ဆုံကာ လျှပ်စစ်မီးသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ဈေးမီးဘေးလုံခြုံရေးအတွက် စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများကို မပြုလုပ်ကြရန် အသိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဈေးမီးဘေးလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက် စည်ပင်သာယာဈေး(၄)ခုအား ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်း ဈေးဝယ်ပြုလုပ် နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။ 


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)