Pages

Pages

မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP ၊    ဇွန်   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ မြို့မစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ သဘာပတိ ဦးမြသင်းနှင့် မြို့နယ်သမဝါယမ ဦးစီးမှူး ဦးအောင်လွင်တို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေဟင်္သာစျေးသမဝါယမ အသင်းလီမိတက်ဒါရိုက်တာအဖွဲ့ ကိုယ်စား ဒေါ်နန်းစိန်ငွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာ အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားခဲ့သည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊ သမီးအား တာဝန်ရှိသူများက ပညာရည်ချွန် ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တာဝန်ရှိသူများက အသင်းသားများအား စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့သည်။


အဆိုပါ အခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment