မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့်ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့်ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးလျှက်ရှိ





MNP ၊ မေ  ၃၁

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်နှင့်တေဇာရာမကျောင်းတိုက်ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့ပြီး Iရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသောသောက်သုံးရေများကိုရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက်နှင့် ပညာရမီကျောင်းတိုက်ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။


ရသေ့တောင်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာဆားငံရေဝင်သွားခြင်းကြောင့်သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျှက်ရှိပါသည်။


ယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီးရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ယာယီနေရပ်စွန့်ခွာသူများ၊ကျေးရွာများနှင့်လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၆၅၇၇၅)ဂါလံကိုအကျိုးပြုပြည်သူ (၁၃၇၈၄၃) ဦးတို့အတွက်ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)