ပေါက်တောမြို့နယ် အ.ထ.က-သဝင်ချောင်းကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများအားရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အ.ထ.က-သဝင်ချောင်းကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများအားရှင်းလင်းဆောင်ရွက်






MNP ၊    ဇွန်   ၃၀

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က-သဝင်ချောင်းကျောင်းဝင်းအတွင်း၌ လဲကျနေသာ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပေါက်တောမြို့နယ်အ.ထ.က-သဝင်ချောင်းကျောင်းဝင်းအတွင်းရှိ မုန်တိုင်း ဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင် သစ်ခက်များအား ပိုင်းဖြတ်ဆောင်ရွက်ခြင်း၊ လမ်းကြောင်းများအား ရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)