စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၃ သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၃ သို့ တက်ရောက်


MNP ၊ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် ၅/၂၀၂၃ ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကော်မတီအစည်းအဝေးတွင် ကျောက်တာကျေးရွာအုပ်စု၊ စစ်ကိုင်းမြို့ နယ်ရှိ သံနှင့်သံမဏိအခြေခံပစ္စည်းများ ထုတ်လုပ်ရောင်းချမည့် Shwe Iron Family Co., Ltd. ၏ အတည်ပြုလျှောက်ထားလွှာအား စိစစ်ခွင့်ပြုပေးရန် တင်ပြလာသည်ကိုတွေ့ရှိရပါကြောင်း၊ အလားတူ လုပ်ငန်းတစ်ခုကိုလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍထဲတွင် ပါဝင်သည့်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်အား စီးပွားဖြစ်စတင် သည့်အချိန်မှစတင်ပြီး ရရှိမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀ ကျော်အားဖန်တီး ပေးနိုင်မှာဖြစ်သည့်အတွက် မိမိတို့ကော်မတီမှကြိုဆိုပါကြောင်း၊ ဒုတိယလုပ်ငန်းတစ်ခုအနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့်ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းမြို့နယ်တွင် ဆောင်ရွက်နေသည့်ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုးထုပ်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျှက်ရှိသည့် Jinxin Technology (Sagaing) Co., Ltd. မှ အတည်ပြုမိန့်ပါ ရင်းနှီး မြှုပ်နှံသူအမည်နှင့် လိပ်စာပြောင်းလဲပြင်ဆင် ခွင့်ပြုပါရန်တင်ပြလာသည့်ကိစ္စအား ကော်မတီ အဖွဲ့ဝင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ပြီးပြင်ဆင် ပြောင်းလဲပေးရန်ဖြစ် ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်း နှီးမြှုပ်နှံနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ သည်။


ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီး မှုလုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Iron Family Co,Ltd မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှင့်အညီ သံနှင့်သံမဏိအခြေခံများ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်း ကိစ္စ နှင့် Jinxin Technology (Sagaing) Co,Ltd မှ ကော်မတီအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံသူ အမည်နှင့်လိပ်စာ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါ ရန်တင်ပြလာခြင်းကိစ္စ လုပ်ငန်းများနှင့်ပတ်သက် ၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)