MNP ၊ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကိုတစ်ရက်သာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၀) ဦးတက်ရောက်၍ သင်တန်းမှ ( ကြက် ၊ဝက်၊ဆိတ်၊နွား) အခြေခံမွေးမြူခြင်း၊ တိုင်းရင်းကြက်မွေးမြူခြင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ကြက်ဖ ( ၁) ကောင်၊ကြက် မ ( ၅)ကောင်နှုန်းဖြင့်ဝါးလယ်ကျေးရွာရှိ စံပြခြံ ( ၁၅) အိမ်တွင် စတင်မွေးမြူသွားမည်ဖြစ်ကြောင်းနှင့် အခြေခံမွေးမြူရေးလုပ်ငန်းများကိုအဆင့်ဆင့်နည်းပညာများပို့ချခဲ့ပြီး သိရှိလိုသည်များကို မေးမြန်း
ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment