Pages

Pages

ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်


MNP ၊    ဇွန်   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။ 


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ သင်တန်းကိုတစ်ရက်သာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၀) ဦးတက်ရောက်၍ သင်တန်းမှ ( ကြက် ၊ဝက်၊ဆိတ်၊နွား) အခြေခံမွေးမြူခြင်း၊ တိုင်းရင်းကြက်မွေးမြူခြင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ကြက်ဖ ( ၁) ​ကောင်၊ကြက် မ ( ၅)ကောင်နှုန်းဖြင့်ဝါးလယ်ကျေးရွာရှိ စံပြခြံ ( ၁၅) အိမ်တွင် စတင်မွေးမြူသွားမည်ဖြစ်ကြောင်းနှင့် အခြေခံမွေးမြူရေးလုပ်ငန်းများကိုအဆင့်ဆင့်နည်းပညာများပို့ချခဲ့ပြီး သိရှိလိုသည်များကို မေးမြန်း

ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment