ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ဆားငံရည်ဝင်ရောက်သွားခဲ့သော ရေကန်များကို ရေစုတ်စက်များဖြင့် ရေစုတ်ယူဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ဆားငံရည်ဝင်ရောက်သွားခဲ့သော ရေကန်များကို ရေစုတ်စက်များဖြင့် ရေစုတ်ယူဆောင်ရွက်လျက်ရှိ




MNP ၊    ဇွန်   ၁၃

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ကျေးရွာများသန့်ရှင်း သောသောက်သုံးရေ ရရှိစေရေးအတွက် ဆားငံရည်ဝင်ရောက်သွားခဲ့သော ရေကန်များကို ရေစုတ်စက်များဖြင့် ရေများစုတ်ယူဆောင်ရွက်ပေးလျက်ရှိကြသည်။ 


မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ် င/ဝက်စွေ ကျေးရွာအုပ်စု ဇေယျဝတီကျေးရွာတွင် ယနေ့ ညနေပိုင်းတွင် ဆားငံရည်ဝင်ရောက်ခဲ့သော ရေကန် သုံးကန် အား ဆားငံရည်ရေဆိုးများ စုတ်ယူနေမှုအခြေအနေကို မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် အင်ဂျင်နီယာ တို့မှကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)