မိုးကုတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ



MNP ၊    ဇွန်   ၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် ၈ နာရီအချိန်က မိုးကုတ်မြို့၊  အားကစားကွင်း၌ သစ်ပင်(၃၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ မိုးကုတ်မြို့နယ် အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်တို့က သစ်ပင်စိုက်ပျိုးကြမည့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား  သစ်ပင်/ပျိုးပင်များကို ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မင်းထွန်းဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ချယ်ရီပင်၊ ခါတော်မီပင်၊ စိန်ပန်းပြာပင်နှင့် ရေသင်းဝင်ပင် စုစုပေါင်း (၃၅၀)ပင်တို့အား  စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိးပွဲတော်သို့ စုပေါင်းပါဝင်စိုက်ပျိုးသူ(၁၆၈)ဦးခန့်ရှိကြောင်း  မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။


ကြည်ကြည်နွဲ့ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)