Pages

Pages

လွိုင်ကော်မြို့၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး



MNP ၊    ဇွန်   ၂၈

၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁) ရက်နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနများရှိ ဝန်ထမ်းများ၊​ ပြည်နယ်သမဝါယမအသင်းစုချုပ်မှ အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ကယားပြည်နယ် သမဝါယမဦးစီးဌာနရုံးဝန်းအတွင်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။


ကယားပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် အရိပ်ရအပင်များဖြစ်သည့် ခရေပင်၊ စိန်ပန်းနီ၊ စိမ်ပန်းပြာပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ကိုဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment