ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ






MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင်ကျိန္တလီမြို့၊ ပုန်းညှက်ကျေးရွာရှိ တောင်သူ ဦးကိုကိုဦးပိုင် စိုက်ကွင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျိန္တလီမြို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက် ကြီးကြပ်ရေးမှူး ဦးစိုးမင်းအောင်ကတိရိစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တိရိစ္ဆာန်များအတွက် လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက်ကျွေးမွေးပြီး တိရိစ္ဆာန် နှင့်တိရိစ္ဆာန် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာရပြည့်ဝသော အစားအစာ များကိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


အဆိုပါ စိုက်ပျိုးပွဲသို့ ကျိန္တလီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးမင်းအောင်၊ ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်း၊ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးဆက်နွယ်စိုး၊ ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးနိုင်မင်းအေး၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၁၅)ဦးခန့် တက်ရောက်ကာ တေးကူးယန်နေဗီယာမြက် (၁)ဧကအားလူထုလှုပ်ရှားမှု ပုံစံဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)