Pages

Pages

ဇလွန်မြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုး



MNP ၊    ဇွန်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ညောင်ပင်စျေးရပ်ကွက် သံလွင်ကွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ဇေယျ၏ အစ္စရေးမြက်ချို စိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။


တိရစ္ဆာန်အစာပင် အစ္စရေးမြက်ချိုအား ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်နှင့် ဝန်ထမ်းများ က စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာထုတ်လုပ်ရန်၊ တိရစ္ဆာန်ထုတ်လုပ်မှု မြင့်မားလာစေရန်၊ ထုတ်လုပ်မှုစရိတ် လျော့ချ၍ အကျိုးအမြတ် ပိုမိုရရှိရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းကြောင်း၊ ဇလွန်မြို့နယ်တွင် မွေးမြူရေးသမားများမှ တိရစ္ဆာန်အစာပင် များကို တပိုင်တနိုင် စိုက်ပျိုး၍ အစာအဖြစ်ကျွေးမွေးလျက်ရှိပြီး အစ္စရေးမြက်ချိုများကို ဝက်စာအဖြစ် ရောစပ်ကျွေးမွေးခြင်းဖြင့် အစာကုန်ကျစရိတ် လျော့ချနိုင်ပြီး အာဟာရဓာတ် ပြည့်ဝနိုင်ကြောင်း ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်၏ ပြောကြားချက် အရ သိရသည်။


ဝေယံ

 https://t.me/MyanmarNationalPost



No comments:

Post a Comment