ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယမန်နေ့က ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မင်းပြင်ဝန်ထမ်းအိမ်ရာရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီး မှုအား သွားရောက်ကြည့်ရှုစစ်သည်။ ယင်းနောက် သန်ပန်ချောင်းရပ်ကွက်ရှိ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးတွက်  ရေထွက်ပေါက် ပြန်လည် ပြုပြင်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)စု တို့မှ လေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပေးအပ်ရန် ကျေးရွာကိုယ်စားလှယ်များအား စားသုံးသူရေးရာ ဂိုဒေါင်မှ ထောက်ပံ့ပစ္စည်းများထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရပ်ကွက်များ၊ ဈေးများနှင့် အခြေခံပညာ ကျောင်းများ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန် မှားကြားခဲ့သည်။ ၎င်းနောက် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော် အား ဖူးမြော်ကြည်ညိုပြီး မုန်တိုင်းကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်း ၆ ကျောင်းအတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်များ၊ ဆွမ်းဆန်တော်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများသို့လှူဒါန်းသော နဝကမ္မအလှူတော် ငွေများအား ကျောင်းထိုင် ဆရာတော်များထံ သွားရောက် ဆက်ကပ်လှူဒါန်းသည်။


ထို့အတူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီ နှင့် အလှူရှင်များ ထောက်ပံ့သည့် ကုလားတန်(၅)သင်္ဘောဖြင့် ထပ်မံ ရောက်ရှိလာသည့် ထောက်ပံ့ပစ္စည်း ၆ မျိုးအား လေဘေးသင့်ပြည်သူများထံသို့ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်ရေး အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ပြုလုပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့ပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၈ ရက်တွင် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းသို့ သွားရောက်၍ သွပ်သံနှင့် စားသောက်ဖွယ် ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)