Pages

Pages

ပခုက္ကူမြို့၌ လူကုန်ကူးမှု ပပျောက်ရေးတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်



MNP ၊    ဇွန်   ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို နံနက် ၉ နာရီအချိန်က ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူး ဝင်းလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ရဲထွန်းမြတ်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးကာကွယ် စောင့်ရှောက်ရေးအသင်းတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့က ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်တွင်  ဖြတ်သန်းသွားလာ‌‌နေသော အဝေးပြေးမော်တော် ယာဉ်လိုင်းများနှင့် ခရီးသွားပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့် ဥပဒေအရကျခံနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နည်းလမ်းများ၊ သတိထားရမည့် လူကုန်ကူးမှုနည်းလမ်းအမျိုးမျိုး၊ ပြည်ပအလုပ်အကိုင်များ အကြောင်းတို့ကို အသိပညာပေး ဟောပြောခြင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment