ကျိန္တလီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ






MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။ 


အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားခဲ့သည့်အမှာစကားမှ ကောက်နုတ်ချက်၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်”  စသည့်ဆောင်းပါးတို၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ အမျိုးသား မူးယစ်ဆေးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ လိုက်နာသင့်သည့်အချက်များ၊ “မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်”၊ “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်” စသည့်ဆောင်ပုဒ်များ၊ ကဗျာဆရာ နုခန့်ယဉ်(ရစ်ကန်ကြီး) ရေးသားထားသည့် “မူးယစ်ဆေးဝါး တို့ရှောင်ရှား”ကဗျာနှင့် ကာတွန်းများ ပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)