ရန်ကုန်မြို့မှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အကြမ်းဖက်လှုပ်ရှားမှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့မှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အကြမ်းဖက်လှုပ်ရှားမှု



ဒီလဆန်းပိုင်းမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများထဲက အဓိက ဦးဆောင်လှုံ့ဆော်သူတချို့ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ NUG(NLD) ရဲ့ ဦးဆောင်သူလို့ ပြောနိုင်တဲ့ မင်းကိုနိုင်တောင် သွေးထိုးလှုံ့ဆော်မှုတွေ မလုပ်တာ ကြာပါပြီ။ ဒီရက်ပိုင်းမှ ပြန်ပြီး လှုံ့ဆော်လာပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လှုံ့ဆော်လာပြီဆိုရင် ပြည်တွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သူတို့ရဲ့လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားတွေက ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး သတ်ဖြတ်တာမျိုးတွေ လုပ်လေ့လုပ်ထရှိပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာလည်း အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်လာကြလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း အကြမ်းဖက်လှုပ်ရှားမှုက အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။

အထူးအားဖြင့် ရန်ကုန်မြို့ပေါ်မှာ အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင် ကို NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ ရက်လည်ဆွမ်းမှ မသွပ်ရသေးဘူး။ အမျိုးသားရေးလှုပ်ရှားသူ တေးသံရှင် မလီလီနိုင်ကျော် ကို ထပ်မံလုပ်ကြံခဲ့ကြပါတယ်။ ၃၀-၅-၂၀၂၃ ရက်နေ့ ညဦးပိုင်းမှာ ပစ်ခတ်လုပ်ကြံခံရတဲ့ မလီလီနိုင်ကျော် ကို တပ်မတော်ဆေးရုံမှာ ဆရာဝန်ကြီးများက အစွမ်းကုန်ကြိုးစား ကုသပေးခဲ့ပေမယ့်လည်း ယနေ့ (၆-၆-၂၀၂၃) ရက်နေ့ နံနက် (၅ ၀၀)နာရီ ဝန်းကျင်မှာ ဆုံးပါးသွားခဲ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံရဲ့ အကြမ်းဖက်လှုပ်ရှားမှုက ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ 

ယမန်နေ့ (၅-၆-၂၀၂၃) ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အခွန်ရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်း ခံရပါတယ်။  ယမန်နေ့ ညနေပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်မှာ အကြမ်းဖက်သင်တန်းတက်ထားတဲ့ PDF တစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းကိုလည်း တွေ့ရပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ ဇွန်လ ၅ ရက်နေ့ ည ရး၄၅ နာရီကပေါက်ကွဲမှုဖြစ်ကြောင်းသိပါတယ်။ ပြည်ခိုင်ဖြိုးရုံးရှေ့မှာ လာရောက်ဖောက်ခွဲသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတွေ အကြမ်းဖက်သမားတွေက ပြည်သူတွေကြားမှာ ကိုယ်ယောင်ဖျောက်ပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ဝန်မလေးဘူး ဆိုတာတော့ ဖြစ်ခဲ့ပြီးတဲ့ သင်ခန်းစာတွေက သက်သေပါပဲ။ အကြမ်းဖက်သမားရဲ့ သဘောသဘာဝကလည်း လွယ်တဲ့သူကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ 

မိမိတို့က အကြမ်းဖက်သမားနဲ့ ပြိုင်ပြီး ရက်စက်ယုတ်မာရိုင်းစိုင်းပြီး အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ တည်ငြိမ်အေးချမ်းမှု ပျက်ပြာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ ရဲ့ လက်ပါးစေ PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံက မိမိတို့ကို အစဉ်တစိုက် ချောင်းမြောင်းပြီး လစ်ရင်လစ်သလို တိုက်ခိုက်မှာ ဖြစ်တဲ့အတွက်ကြောင့် မပေါ့ဆသော သတိနဲ့ သွားလာဆောင်ရွက်ကြဖို့ အထူးမေတ္တာရပ်ခံ လိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)