Pages

Pages

မတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်




MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ထွန်းလှမှ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို  ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


စိုးကျော်သူထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment