ပေါင်မြို့နယ်တွင်စပါးသီးနှံအထွက်နှုန်းမိတ်ဖက်များတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်စပါးသီးနှံအထွက်နှုန်းမိတ်ဖက်များတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချ








MNP ၊    ဇွန်   ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်စပါးသီးနှံအထွက်နှုန်းမိတ်ဖက်များတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချ ခြင်းကို ယနေ့နံနက်ပိုင်းက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင် က တောင်သူများအနေဖြင့် မျိုးကောင်း၊မျိုးသန့်စိုက်ပျိုးထုတ်လုပ်သုံးစွဲရာတွင် လိုက်နာရမည့် နည်းစနစ်များကိုဂရုစိုက် လေ့လာကြမှမိမိတို့ လယ်မြေအတွက်စပါးအထွက်နှုန်းပိုမိုတိုးတက်လာမှာဖြစ်ကြောင်းအပြောကြားသည်။


ထို့နောက် မြို့နယ်ထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်ဂျူးမြတ်ချယ်လင်းက စပါးအထွက်နှုန်းတိုးတက်မှ ပေါင်မြို့နယ်အတွင်းဆန်၊စပါးဖူလုံမည်ဖြစ်ကြောင်းဆွေးနွေးသည်။


ဆက်လက်ပြီး မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်မူမူတန်က မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိရေးသီးနှံမျိုးကောင်းများကို ရှာဖွေဖော်ထုတ်ပြီးစနစ်တကျ ပွား၍မျိုးသန့်မျိုးစေ့များထွက်ရှိလာအောင် ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ပြည်နယ် သီးနှံကာကွယ်‌ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းလွင်တို့က စပါးပင်များတွင်ဖျက်ဆီးစေတတ်သည့် ဖျက်ပိုးများအကြောင်းကို အသေးစိတ်ပညာပေးဆွေးနွေးခဲ့ရာ ဖြူဘကျေးရွာအတွင်းရှိတောင်သူများကသိလိုသည့်အကြောင်းအရာများကိုပြန်လည်‌မေးမြန်းကြသည်။


ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်းတို့နှင့်သက်ဆိုင်သည့်လက်ကမ်းစာ‌ စောင်များဖြန့်‌ဝေခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)