နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး









MNP ၊ ဇွန် ၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး ( သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ ) သည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။


ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာကျော်ထွန်းနှင့် ခွန်စံလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော် ကြည်ညိုကြသည်။ ထို့နောက်  နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ်ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော် ၊ သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားကို နာယူကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


ထို့နောက် ဆရာတော်ကြီးများ ဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အနိစ္စာဝတ သင်္ခါရာစသော သံဝေဂ(၃)ဂါထာကို ရွတ်ဆိုပွားများကြသည်။ ယင်းနောက်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားအတွက် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆရာတော်ကြီး၏ ဉတုဇရုပ်ကလာပ်တော်အား ပင့်ဆောင်မည့် လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဉတုဇ ရုပ်ကလာပ်တော်အား တေဇောဓာတ်မီးပူဇော်မည့် အခမ်းအနားနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လောင်တိုက်ပြသာဒ် တည် ဆောက်နေမှု အခြေအနေများနှင့် သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇာသဘင်ကျင်းပရန် ပြင်ဆင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍ လည်းကောင်း၊ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာ တော်များ ရေမျှောပူဇာသဘင်အခမ်းအနားကို ဇွန် ၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်မှ စတင်၍လည်းကောင်း၊ MRTV HD Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ မဟာဗောဓိရုပ်သံလိုင်းနှင့် Buddha Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)