အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့်အတူ မျှော်မှန်းထားသည့် အာဆီယံအသိုက်အဝန်းတစ်ခု ထူထောင်နိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့်အတူ မျှော်မှန်းထားသည့် အာဆီယံအသိုက်အဝန်းတစ်ခု ထူထောင်နိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်


MNP ၊ ဇွန် ၂၂

(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယမန်နေ့က ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Virtual စနစ်ဖြင့် တက်ရောက်သည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မလေးရှားနိုင်ငံမှ Mr. YB ADAM ADLI ABD MALM က ဒေသတွင်းလူငယ်များ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် “စိတ်ကျန်းမာရေးပြဿနာများ အားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှား” ဆောင်ပုဒ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း ၈၇ ဦး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ကြ ရသည့် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ် ၂၄၀ နှင့် ကလေးငယ် ၂၅၀ တို့ စိတ်လူမှု ဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာလအတွင်း စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များထံသို့ အသိပညာပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၃ ခုနှစ် မေလအတွင်းက အနောက်ဘက်ရခိုင်ကမ်းမြောင် ဒေသမှတစ်ဆင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအပါအဝင် ပြည်သူများကို စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများပေးအပ်နိုင်ရေး ပညာရှင်များနှင့် လူမှုဝန်ထမ်း သမားများကို စုစည်း၍ အဖွဲ့များဖွဲ့စည်းကာ စေလွှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးဆက်သစ် လူငယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့်လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့်အတူ မျှော်မှန်းထားသည့် အာဆီယံအသိုက်အဝန်းတစ်ခုကို ထူထောင်နိုင်ရန် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြစေလိုကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည့် “သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို လူငယ်တွေရဲ့ အင်အားနဲ့ ဖန်တီး ဖော်ဆောင်သွားကြပါစို့”ဆောင်ပုဒ်ဖြင့် (၁၃) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံအလိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားပြုဝန်ကြီးများက (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားကြပြီး အစည်းအဝေး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တ ရပ်နားသည်။

ထို့နောက် မွန်းလွဲပိုင်းအစီအစဉ်များကို မွန်းလွဲ ၁၂ နာရီခွဲတွင် ဆက်လက်ကျင်းပရာ အာဆီယံအပေါင်း (၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်(၉)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာဝန်ကြီး များအဆင့် အစည်းအဝေးကို အောက်တိုဘာ(သို့မဟုတ်) နိုဝင်ဘာတွင် နေပြည်တော်၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများရှိရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ယခုအစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံနှင့် ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံတို့မှ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်း အဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း (၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အား တရားဝင် တာဝန်လွှဲပြောင်းပေးအပ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇွန် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)