Pages

Pages

အရာတော်မြို့၌ ကောက်ရိုးမှို စိုက်ပျိုးနည်းသင်တန်းဖွင့်


MNP ၊    ဇွန်   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေရရှိရန်ရည်ရွယ်၍ ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးက ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယလက်ထောက်ဦးစီးမှူး ဦးဖုန်းသန့်ဇင်က ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သောပစ္စည်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် သတိထားရမည့် အချက်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။


အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာများက ကောက်ရိုးမှိုစိုက်ပျိုးရန် စိတ်ဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအားစာတွေ့၊ လက်တွေ့ပို့ချပြီး သင်တန်းကာလမှာ (၂) ရက် ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment