MNP ၊ ဇွန် ၉
မွန်ပြည်နယ်ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန တွင်ယနေ့နံနက်ပိုင်းကလူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို လူငယ်လူရွယ်နှင့်ကျောင်းသား/သူ
များလိမ်ညာလှည့်ဖျားခံရခြင်းမှ ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါပြသဆောင်ရွက်ရာတွင် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုနည်းလမ်းများ၊လူကုန်ကူးမှုနှင့်ဆိုင်သည့် ဥပဒေများ ပစ်ဒဏ်များ၊ ခံစားရမည့်ဆိုးကျိုးများနှင့် လူကုန်ကူးမှုပပျောက်ရေးအတွက် ပြည်သူအားလုံးပါဝင်ကြရန် လူသားအချင်းချင်းစာနာပြီး လူကုန်ကူးမှုတိုက်ဖျက်ကြရန်၊ လူကုန်ကူးခံရပါကဆက်သွယ်ဆောင်ရွက်နိုင်သောဖုန်းနံပါတ်များစသည့်အချက်များအား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment