Pages

Pages

ရွှေတောင်မြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတွင် တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်





MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ပိုင်းက စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။  

    

အဆိုပါ သင်တန်းကိုတစ်ရက်သာဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းသား ( ၂၀) ဦးတက်ရောက်၍ သင်တန်းမှ နေပီယာမြက်မျိုးများအ‌ကြောင်း ၊ စိုက်ပျိုးနည်းများ၊ မြက်ချဉ်ဖတ်ပြုလုပ်နည်း အဆင့်ဆင့် ၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းစသည့် ပို့ချချက်များကို မိမိတို့ နယ်မြေဒေသတွင်ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost 




No comments:

Post a Comment