ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP ၊    ဇွန်   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သားသမီးများအား ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၃ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးခြင်းကို နှစ်စဉ်ဆောင်ရွက်လျှက်ရှိပြီး ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော နိုင်ငံတော်ကိုတည်ဆောက်ရန် အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများဖြစ်သော တက္ကသိုလ်အဆင့် (၅) ဦး၊ အထက်တန်းအဆင့် (၃) ဦး၊ အလယ်တန်းအဆင့် (၉) ဦး၊ မူလတန်းအဆင့် (၂၂) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၉)ဦးတို့ကို တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ကြေးပေးအပ်များပေးအပ်ခဲ့ကြောင်း သိရသည်။


ထက်ဝေဖြိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)