MNP ၊ ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ် ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အဖိုးတန်သတ္ထုရောင်းဝယ်သူများ(ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ကိစ္စများနှင့်ပတ်သတ်၍ သိရှိနိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာဝင်းထက် က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ၏ ရည်ရွယ်ချက်နှင့် ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာတာန်ရှိသူများက ပြန်လည်ရှင်လင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက်တက်ရောက်လာသော အဖိုးတန်သတ္ထုရောင်းဝယ်သူများ(ရွှေတုံး၊ ရွှေခဲရောင်းဝယ်သူများ၊ လက်ဝတ်ရတနာရောင်းဝယ်သူများ)အား မြို့နယ်အသင်းဖွဲ့စည်းပေးခဲ့ပြီးကြောင်း သိရသည်။
ဝင့်နန္ဒာဌေး
#MyanmarNationalPost
No comments:
Post a Comment