ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများတွင် ပြောင်းဖူးစိုက်ပျိုးမှုများလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာများတွင် ပြောင်းဖူးစိုက်ပျိုးမှုများလာ




MNP ၊    ဇွန်   ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင်တည်ရှိကာ လယ်ယာ၊ ကိုင်း၊ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်စားသောက်နေသောကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစု သည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုး ရောင်းချခြင်းဖြင့်စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။


အဆိုပါ လက်ပံခြေပေါ်အုပ်စုအတွင်းရှိ    ကျေးရွာများသည် တစ်နှစ်ပတ်လုံးပြောင်းဖူးများသာ စိုက်ပျိုးကြပြီးတစ်နှစ်လျှင် လေးကြိမ်အထိစိုက်ပျိုးကြောင်းသိရကာ သကြားပြောင်းဖူး၊ အစီးပြောင်းဖူးများသာစိုက်ပျိုးကြကာ အချို့တောင်သူများက မြစ်ရေတင်ရေဖြင့် စိုက်ပျိုးကြပြီး အချို့ တောင်သူများက မြေအောက်ရေတူးဖော်ကာစိုက်ပျိုးကြသည်။


ထွက်ရှိလာသည့်ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ ဘုရားဖူးကားများ၊ မြင်းခြံဖ၊ ပခုက္ကူ၊ ငါ့သရောက်ညောင်ဦး၊ ပုဂံမြို့များမှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြကြောင်းနှင့် ပလင်းကမ်းသာယာဆင်းစခန်းမှလည်း ဆင်စာအတွက်   ပြောင်းဖူးအများအပြား လာရောက်ဝယ်ယူကြကြောင်းသိရကာ  ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိ ပြောင်းဖူးပွဲစားများသို့လည်းကားဖြင့် တင်ပို့ ရောင်းချရကြောင်း တစ်ခါပို့လျှင် ပြောင်းဖူးအဖူးရေနှစ်သောင်းမှသုံးသောင်းအထိ တင်ပို့နေရကြောင်း ရန်ကုန်၊မန္တလေးသို့တင်ပို့သောပြောင်းဖူးများအား ဆယ်ဖူးဈေး (၂၀၀၀)ကျပ် ဖောက်သည်


ဈေးပေးကာ အခင်းသို့လာဝယ်လျှင် ဆယ်ဖူးဈေး(၁၉၀၀)ကျပ်ဖြင့်ရောင်းချကြောင်း  တစ်နှစ်ပတ် လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချနေသည့် တောင်သူ ဦးဝင်းတင့်ကပြောပြသည်။ မိုးရာသီပြောင်းဖူးစိုက် လျှင် ရက်(၉၀)ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅)ရက်ဖြင့်ပြောင်းဖူးပေါ်ကြောင်း သိရပြီး တနှစ်လျှင် ပြောင်းဖူး လေးကြိမ်ထိစိုက်ပျိုးနိုင်ကာ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုး ရောင်းချကြပြီး ပြောင်းဖူးတစ်ဖူးခြင်းဈေး ၃၀၀ ကျပ်ထိရောင်းချနေရခြင်း ကြောင့် ပြောင်းဖူးစိုက်ပျိုး တောင်သူများတွက်ခြေကိုက်နေကြကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)