Pages

Pages

သထုံမြို့၊ အထက(၄)ကျောင်း၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်







MNP ၊    ဇွန်   ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု‌ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပညာပေးဟောပြောခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက ငလျင်ဘေးဇာတ်တိုက်‌လေ့ကျင့်ခြင်း ပြုလုပ်ရသည်ရည်ရွယ်ချက်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပါက သတိပြုရမည့်အချက်များတို့ကို ဆွေးနွေးဟောပြောသည်။


ယင်းနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ငလျင်ဘေးဖြစ်ပွားပါက ဆောင်ရွက်ရမည့် ဝပ်၊ ကာ၊ ငြိမ် တို့ကို သရုပ်ပြသကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်သက်ဇော်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းတို့ကို မိတ်ဆက်ရှင်းလင်းကာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်တို့က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးထံ ငလျင်ဘေး အသိပညာပေး ဗွီနိုင်းပိုစတာ ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု‌ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများပူးပေါင်းကာ ဝပ်၊ ကာ၊ ငြိမ် လေ့ကျင့်ခြင်း၊ ငလျင်ဘေးဖြစ်ပွားပါက စနစ်တကျ ဆောင်ရွက်ရမည့်အချက်များ၊ ဖြစ်ပွားနေစဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဦးစားပေး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရမည့်အုပ်စုများ စသည့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို လက်တွေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost
















No comments:

Post a Comment