MNP ၊ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့မွန်းလွဲပိုင်းက ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများကငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ကြီးကြပ်အုပ်ချုပ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ဝန်ထမ်းများသို့ကြိုတင်ငွေထုတ်ပေးခြင်း လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဓာတ်ပုံကျွမ်းကျင်-၂ဦးထွန်းလင်းကျော်က လစာငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိစေရန်နှင့် ကျွမ်းကျင်မှုရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment