သပြေကုန်းဘိုးဘွာရိပ်သာနှင့် အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် အအေးများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပြေကုန်းဘိုးဘွာရိပ်သာနှင့် အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် အအေးများ ဆက်ကပ်လှူဒါန်း







MNP ၊    ဇွန်   ၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ  ယမန့်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ သပြေကုန်းဘိုးဘွာရိပ်သာသို့ သွားရောက်၍ သက်ကြီးဘိုး/ ဘွားများအား တစ်နေ့စာ ထမင်းအဟာရများ ကျွေးမွေးလှူဒါန်းကာ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။


ထို့နောက် ဘိုးဘွားရိပ်သာဘက်စုံပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်း၌ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် (၃၀)ကြိမ်မြောက် အစိုးရနိကာယ်ငါးရပ်(ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့်  သံဃာတော်/သီလရှင်(၃၂၀)ပါးနှင့် ကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူငွေနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost 






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)